ဘာကီနာဖာဆို နိုင်ငံမှာ အစိုးရ ဖျက်သိမ်းကြောင်း စစ်တပ်က ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Reuters
အနောက် အာဖရိက ကုန်းတွင်းပိတ် နိုင်ငံတစ်ခု ဖြစ်တဲ့ Burkina Faso မှာ၊ ၂၇ နှစ်တာ အာဏာ ရယူထားတဲ့ သမ္မတ ဘလက်ဇ် ကွန်ပါအိုးရေး ပဲ အာဏာ ဆက်ထိန်းထား နိုင်အောင် ဥပဒေ ပြင်ဆင် လာခဲ့တာ မှာ သောင်းနဲ့ချီ တဲ့ လူတွေဟာ တနေ့လုံး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ ကြပြီး၊ ပါလီမန် အဆောက်အဦ ကို မီးရှို့ ခဲ့ကြတဲ့ အထိ အုံကြွ ခဲ့ကြ ပါတယ်။
အခု တော့ လက်ရှိ အစိုးရနဲ့ လွှတ်တော်ကို ဖျက်သိမ်း လိုက်ကြောင်း စစ်တပ် က ကြေညာ လိုက်ပါတယ်။
နိုင်ငံရေး ပါတီတွေ နဲ့ ညှိနှိုင်းပြီး အသွင်ကူးပြောင်းရေး အစိုးရ တစ်ရပ်ကို သမ္မတ ကွန်ပါအိုးရေး ဦးဆောင်ပြီး ၁၂ လ ကြာမျှ အာဏာ ယူထားဦးမယ် လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ကြေညာချက် ထွက်လာပြီးတဲ့ နောက်ပိုင်း ရုပ်မြင်သံကြားကနေ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ သမ္မတ ကွန်ပါအိုးရေး က သူ့အနေနဲ့ လူတွေရဲ့ တောင်းဆိုနေမှုကို နားလည်ပါကြောင်း နဲ့၊ အသွင် ကူးပြောင်းရေး ၁၂ လ တာ ကလ ပြီးရင် ရာထူးကနေ ဆင်းပေးမှာ ဖြစ်တဲ့ အကြောင်း ပြောသွားပါတယ်။
















