ခရစ်​ဒစ်​ကတ် ခိုး​သူ ၁​၀⁠၀ ကျော်​ကို ဥ​ရော​ပ​ရဲ ဖမ်းဆီး

_europol_
ဓာတ်ပုံ ပုံစာ, ခိုးရာပါ အကြွေးဝယ် ကတ်တွေ သုံးပြီး လေယာဉ်လက်မှတ် ဝယ်ယူတာကြောင့် တစ်နှစ်ကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး နစ်နာ နေရပါတယ်။
ရေးသားခဲ့သည်။

ဥရောပ ရဲတပ်ဖွဲ့ ဖြစ်တဲ့ ယူရိုပို ရဲ့ ထုတ်ပြန်ချက် အရ အခု ၂ ရက် အတွင်း ခိုးရာပါ ခရစ်ဒစ် အကြွေးဝယ် ကတ်ပြား တွေကို အသုံးပြုပြီး လေယာဉ် လက်မှတ်တွေ ၀ယ်ယူခဲ့သူ အယောက် ၁၀၀ ကျော်ကို ဖမ်းဆီး လိုက်တယ် လို့ သိရပါတယ်။

လေယာဉ်လိုင်း အသီးသီးက တာဝန် ရှိသူတွေနဲ့ ခရစ်ဒစ်ကတ် ကုမ္ပဏီတွေ ရဲ့ အကူအညီ ရယူပြီး၊ နိုင်ငံပေါင်း ၄၅ နိုင်ငံက လေဆိပ်ပေါင်း အခု ၈၀ မှာ သံသယ ဖြစ်ဖွယ် ရှိတဲ့ ခရစ်ဒစ် ကတ်ပြားသုံး ဝယ်ယူမှု တွေကို ယူရိုပို က ခြေရာခံ လိုက်နေ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ခိုးရာပါ ခရစ်ဒစ် ကတ်ပြားတွေ သုံးပြီး လက်မှတ် ဝယ်ယူမှုကြောင့် လေကြောင်းလိုင်း စီးပွားရေး လုပ်ငန်းဟာ တစ်နှစ်ကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး နစ်နာ နေပါတယ်။

အင်တာနက် ပေါ်ကနေ ဝယ်ယူနိုင်တဲ့ အခြေအနေ ကြောင့်လည်း ဒီပြဿနာဟာ ပိုပြီး မြန်ဆန် ကြီးထွား လာနေရတယ် ဆိုပြီးတော့ နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ Ros Wainwright က ပြောပါတယ်။

အခုလို ခရစ်ဒစ်ကတ် အလွဲသုံးစားမှုကြောင့် ဖမ်းဆီး ရာကနေ မူးယစ်ဆေးဝါး နဲ့ လူကုန် ကူးမှုတွေလို ပို ပြင်းထန်တဲ့ ရာဇဝတ်မှု တွေကိုပါ တွေ့ရှိ လာနိုင်တယ် လို့လည်း မစ္စတာ Wainwrigh က ဆိုပါတယ်။