စပိန် လက်ဝဲပါတီ ပေါ့ဒေးမော့စ် သိန်းချီတဲ့ ချီတက်ပွဲ လုပ်

ဓာတ်ပုံ ရင်းမြစ်, Getty
စပိန် နိုင်ငံ မြို့တော် မက်ဒရစ် မှာ လက်ဝဲ ပါတီ ဖြစ်တဲ့ ပေါ့ဒေးမော့စ် ဦးဆောင်ပြီး သိန်းနဲ့ ချီတဲ့ လူတွေ စုဝေးပြီး ချီတက်မှု တွေ ပြုလုပ်ခဲ့ ကြတာမှာ၊ ပေါ့ဒေးမော့စ် ပါတီ ခေါင်းဆောင် ပတ်ဘလို အိဂလေးစီးအပ်စ် က ဂရိမှာ ရွေးကောက်ပွဲ နိုင်ခဲ့တဲ့ ဆီရစ်ဇာ ပါတီ ကို ချီးကျူး ပြောဆိုခဲ့ပါတယ်။
ပေါ့ဒေးမော့စ် ပါတီ လည်းပဲ ဆီရစ်ဇာ ပါတီလို အစိုးရ အသုံးစားရိတ်တွေ ဖြတ်တောက်တဲ့ မူဝါဒ အပေါ် ဆန့်ကျင် သူတွေ ဖြစ်ပါတယ်။
ဥရောပ တခွင် အပြောင်းအလဲ ကာလ စတင် နေပြီ လို့ မစ္စတာ အိဂလေးစီးယပ်စ် က မဒရစ် မြို့လယ် ရင်ပြင်မှာ ပြောကြား ခဲ့ပါတယ်။
ပိုမို ကောင်းမွန်တဲ့ ပြည်သစ်ကြီး ဖြစ်တည်လာဖို့ အိပ်မက်တွေ ကျနော်တို့ ဆီမှာ ရှိကြတာ မှန်ပေမယ့်၊ ဒီကနေ့ ဒီရင်ပြင်မှာ စုဝေး လာရတဲ့ အကြောင်းကတော့ အိပ်မက်တွေ ဆက်မက်ဖို့ မဟုတ်ပါဘူး။ အခု ၂၀၁၅ ထဲမှာ၊ ကျနော်တို့ အိပ်မက်တွေ အကောင်အထည် ပေါ်လာဖို့ ဖြစ်တယ်၊ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာအောင် ကျနော်တို့ တိုက်ခိုက် သွားရမယ် ဆိုပြီး တော့လည်းမစ္စတာ အိဂလေးစီးအပ်စ် က ပြောသွား ပါတယ်။
အခုနှစ်ထဲ မှာ စပိန် နိုင်ငံ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိပြီး၊ ကြိုတင် သဘောထား စစ်တမ်း တချို့မှာ ပေါ့ဒေးမော့စ် ပါတီက လူကြိုက်များ နေပါတယ်။

















