အစ္စလာမ်မှာ အဓိပ္ပာယ်ကောက်လွဲတဲ့ သင်ကြားမှုတွေ ပြုပြင်ဖို့လို

ဓာတ်ပုံ ရင်းမြစ်, AP
မွတ်ဆလင်မ် နိုင်ငံတွေ မှာ ဘာသာရေး အစွန်းရောက် ဝါဒ ပြန့်ပွား နေမှုကို တိုက်ဖျက်နိုင် ဖို့ ဆိုရင် ဘာသာရေး သင်ကြား မှု တွေ နဲ့ ပတ်သက်ပြီး အခြေခံ ကျကျ ပြင်ဆင် ပြောင်းလဲမှု တွေ လုပ်ရမယ် လို့ ဆွန်နီ အစ္စလာမ် လောက မှာ အလေးစား ခံရဆုံး ဘာသာရေး ကျောင်း တစ်ခုရဲ့ ရှေ့ဆောင် ဆရာ Sheikh Ahmed al-Tayib က ပြောလိုက် ပါတယ်။
သူဟာ ကိုင်ရိုမြို့ Al-Azhar တက္ကသိုလ်က ဝါအကြီးဆုံး ရှေ့ဆောင် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။
အစ္စလာမ် တို့ရဲ့ ကျမ်းစာ ဖြစ်တဲ့ ကိုရ်အန် ကျမ်း နဲ့ တမန်တော် မိုဟာမက်ဒ် ရဲ့ အထုပ္ပတ္တိ စတာတွေ အပေါ် အနက် ကောက်ယူ လွဲမှု တွေ ကြောင့် အစွန်းရောက် အယူတွေ ဖြစ်ပေါ် လာရတယ် ဆိုပြီး ဆောက်ဒီအာရေးဗျ နိုင်ငံ မက္ကာမြို့ မှာ ကျင်းပ ခဲ့တဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ညီလာခံ မှာ Sheikh Ahmed al-Tayib က ပြောခဲ့ပါတယ်။
မွတ်ဆလင်မ် တွေ အကြား စည်းလုံး ညီညွတ်မှု ကို ဖော်ဆောင် ရေး ကို တက္ကသိုလ် တွေ ကျောင်းတွေ မှာ လုပ်ဆောင် ကြဖို့ တိုက်တွန်း ခဲ့သလို အရိုင်းအစိုင်း တွေ သဖွယ် ရက်ရက်စက်စက် ပြုမူ နေကြတဲ့ အကြမ်းဖက် အဖွဲ့ တွေ ကိုလည်း သူက ရှုတ်ချ ခဲ့ပါတယ်။
တခါ၊ လစ်ဗျား နိုင်ငံထဲမှာ အီဂျစ် ကော့ပ်တစ် ခရစ်ယာန် တွေ ကို အစ္စလာမ်မစ် စစ်သွေးကြွ IS လက်နက် ကိုင် တွေ က သတ်ဖြတ် ခဲ့ပြီး တဲ့နောက် အခုဆိုရင် အာရပ် နိုင်ငံတွေ အများအပြား က အီဂျစ်ကို စစ်ရေး အကူအညီ တွေ ပေးမယ် ဆိုပြီး ကမ်းလှမ်း လာတယ် လို့ အီဂျစ် သမ္မတ Abdel Fattah al-Sisi က ပြောပါတယ်။
အဲဒီ့လို IS ဆန့်ကျင်ရေး အတွက် အကူအညီ ပေးမယ် လို့ ဆိုလာသူ တွေ ထဲမှာ ဂျော်ဒန်၊ ဆောက်ဒီ အရေဗျ နဲ့ ယူအေအီး နိုင်ငံတို့ ပါ၀င်ကြောင်း သမ္မတ al-Sisi က ဆိုပါတယ်။
အီဂျစ် နိုင်ငံသား ကော့ပ်တစ် ခရစ်ယာန် တွေ အသတ်ခံရပြီး နောက်မှာ အီဂျစ် က လက်တုန့်ပြန် တဲ့ အနေနဲ့ လစ်ဗျား ထဲက IS တပ်တွေ ကို ပစ်မှတ်ထား ပြီး လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ဆောင် ခဲ့ပါတယ်။
ဒေသတလွှား ကြုံတွေ့ နေရ တဲ့ IS အဖွဲ့ အန္တရာယ် ကို ကျော်လွှား နိုင်ဖို့ အတွက် အာရပ် နိုင်ငံတွေ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ် လို့ အီဂျစ် သမ္မတ က ပြောပါတယ်။





















