ကန် ပြည်တွင်း လုံခြုံရေး ဘက်ဂျက် အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, BBC World Service
ရေးသားခဲ့သည်။
အမေရိကန် ပြည်တွင်း လုံခြုံရေး ဌာန ရပ်ဆိုင်းမသွားရေး အတွက် ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေ တပတ်စာ ဘက်ဂျက် ကို ယာယီသဘောတူညီမှု ရယူခဲ့ပါတယ်။
နောက်ဆုံး သတ်မှတ်ချိန်အမီ ဖြစ်ဖို့ သမ္မတ အိုဘားမားက ဒီ သဘောတူညီချက်ကို မနေ့ည သန်းခေါင် မတိုင်မီမှာ လက်မှတ်ထိုး ထုတ်ပြန် ပေးလိုက်တာ ဖြစ်ပါတယ်။
ဒီဌာနဟာ အမေရိကန် လူဝင်မှု ကြီးကြပ်ရေး၊ နယ်စပ် ထိန်းချုပ်ရေးနဲ့ လျှို့ဝှက် ထောက်လှမ်းရေး ဌာနတွေ ပါဝင်တဲ့ ဌာနကြီး ဖြစ်ပါတယ်။
အထောက်အထား စာရွက်စာတမ်း မရှိတဲ့ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်း လုပ်သား တွေကို သမ္မတ အိုဘားမားက ယာယီ နေထိုင်ခွင့် ပေးမယ့် အစီအစဉ်ကို ရီပတ်ဘလစ်ကန် အမတ် တွေ က တားဆီးဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

















