လစ်ဗျား တိုက်ပွဲတွေ ပြင်းထန်

libya
ဓာတ်ပုံ ပုံစာ, နယ်မြေ လု စစ်ပွဲ တွေကြောင့် နိုင်ငံ ဖရို ဖရဲ ဖြစ်
ရေးသားခဲ့သည်။

လစ်ဗျား အနောက်ပိုင်းက လက်နက်ကိုင် ညွန့်ပေါင်း အဖွဲ့တဖွဲ့နဲ့ IS အစ္စလာမ္မစ် နိုင်ငံ ထောက်ခံသူ တွေကြား တိုက်ပွဲတွေ ပြင်းထန် ခဲ့ပါတယ်။

ကွယ်လွန်သူ ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ ဇာတိ ဖြစ်တဲ့ လစ်ဗျား အလယ်ပိုင်းက ဆီးရက် မြို့ ဆင်ခြေဖုံးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

IS နဲ့ ဆက်တဲ့ စစ်သွေးကြွ တွေက ဒီမြို့ရဲ့ အစိုးရ ရုံး တွေနဲ့ အသံလွှင့်ရုံ တခုကို အရင်လ က ဝင်သိမ်း ခဲ့ပါတယ်။

ကဒါဖီကို ဖြုတ်ချ ပြီး နောက်ပိုင်း လစ်ဗျား အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက လက်နက်ကိုင် မဟာမိတ် အဖွဲ့တွေကြား နယ်မြေ လု စစ်ပွဲ တွေ ကြောင့် နိုင်ငံ ဖရို ဖရဲ ဖြစ်ပွား ခဲ့ပါတယ်။