ယီမင် မှာ စေ့စပ်ဆွေးနွေး အဖြေရှာဖို့လိုနေ

_yemen_airstrike_
ဓာတ်ပုံ ပုံစာ, ယီမင် လေကြောင်း စစ်ဆင်ရေး
ရေးသားခဲ့သည်။

ယီမင်နိုင်ငံ တွင်း လေကြောင်းတိုက်ခိုက်မှု တွေ ကို ဆော်ဒီ ဦးဆောင် တဲ့ မဟာမိတ် တပ်တွေ က ရပ်ဆိုင်းတဲ့ နောက်ပိုင်း မှာ ဟူသီသူပုန်တွေ ဘက်ကလည်း နိုင်ငံ့ပြဿနာ ဖြေရှင်းရေး အတွက် စေ့စပ် ဆွေးနွေးမယ် လို့ ပြောပါတယ်။ ဆော်ဒီ သံတမန် တွေ ဘက်ကလည်း သူပုန် အဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကို နောက်ကွယ် မှာ ကမ်း လှမ်း နေတယ် ဆိုတဲ့ သတင်းလည်း ထွက်နေ ပါတယ်။

ဟူသီ သူပုန်အဖွဲ့ ကို ထောက်ခံသူ ဟူစိန် အယ်လ် ဘိုခေတီ ကလည်း ယီမင်ပြဿနာ ဟာ စေ့စပ် ဆွေးနွေးမှု နဲ့မှ ပြေလည်စရာ ရှိတဲ့ နည်းလမ်းတခုပဲ ရှိတဲ့ အကြောင်း၊ ယီမင် ကို လေကြောင်း စစ်ဆင်တဲ့ အခါမှာ ကလေးလူကြီး ထောင်နဲ့ ချီ သေဆုံးသလို ယီမင် ရဲ့ အခြေခံ အဆောက် အအုံ တွေ လည်း အကုန်ပျက်စီး ကုန်ပါတယ် လို့ ပြောပါတယ်။

ဒီအချက် ကို ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ က ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ရောဘတ် မာဒီနီ ကလည်း ဖြည့်စွက် ပြောရာမှာ ဆားနားမြို့ မှာ မီးပြတ်နေတာ ၉ ရက်ရှိနေ တဲ့ အတွက် သောက်ရေ သုံးရေ ပါ မရ လို့ လူတွေ ဟာ စျေးကြီး ပေးဝယ်နေရတဲ့ အကြောင်း၊ အစားအစာ လည်း ပြတ်လပ်သလို အဆမတန် တဲ့စျေး တွေ ဖြစ်နေပြီ လို့ ရှင်းပြပါတယ်။