စီအိုင်အေအကြီးအကဲဟောင်းကို အရေးယူ

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် ထောက်လှမ်းရေး စီအိုင်အေ အဖွဲ့ ရဲ့ ညွှန်ကြားရေးမှု ဟောင်း ဗိုလ်ချုပ်ကြီး ဒေးဗစ် ပါထရေးရပ်စ် ဟာ ဆိုင်းငံ့ ထောင် ဒဏ် ၂ နှစ် နဲ့ အတူ ဒဏ်ငွေ ဒေါ်လာ ၁ သိန်း ပေးဆောင် ဖို့ အမိန့်ချ မှတ် ခံ ရပါတယ်။
အမေရိကန် ရဲ့ စစ်ရေး လျှို့ဝှက် ချက် တွေ ကို သူနဲ့ ရည်ငံနေတဲ့ အမျိုးသမီး ဆီကို လက်ဆင့် ကမ်း ခဲ့တဲ့ အတွက် မြောက် ကာရိုလိုင်းနား ပြည်နယ် က တရားသူကြီး က အခုလို စီရင် လိုက်တာ ဖြစ်ပါတယ်။
လျှို့ဝှက် အချက်အလက် တွေ ပေါက်ကြား မှု အတွက် သူ့ မှာ အပြစ် ရှိတယ် လို့ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဟောင်း ပါထရေးရပ်စ် ဝန်ခံ ထွက်ဆို ခဲ့ပါတယ်။
မစ္စတာ ပါထရေးရပ်စ် ဟာ စီအိုင်အေ ရဲ့ အကြီးအကဲ အဖြစ် တာဝန်ယူ နေချိန် မှာ သူ့ရဲ့ အထုပ္ပတ္တိ ကို ရေးသားသူ လည်း ဖြစ်၊ တိတ်တိတ်ပုန်း ချစ်ကြိုက် နေသူ လည်း ဖြစ်တဲ့ Paula Broadwell ဆိုတဲ့ အမျိုးသမီး ကို လျှို့ဝှက် အချက်အလက် တွေ ကို လက်ဆင့် ကမ်း ခဲ့တာ ဖြစ်ပါတယ်။
















