တာလီဘန်တွေကို အာဖဂန် အစိုးရတပ် ထိုးစစ်ဆင်

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန် နစ္စတန် နိုင်ငံ အရှေ့မြောက်ပိုင်း ခွန်ဒုဇ် Kunduz မြို့ အနီးက တာလီဘန် တပ်ဖွဲ့တွေကို အစိုးရ တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုကြီး တစ်ခု စတင် လိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ခိုက်မှုတွေ အတွင်းမှာ တာလီဘန်တွေ ခန်ဒက်ဇ် မြို့ အနီးကို ချဉ်းကပ် လာနိုင်ခဲ့ပြီး လူ တစ်သိန်းကျော် နေရပ် စွန့်ခွာ ခဲ့ကြရပါတယ်။
အခု စတင်လိုက်တဲ့ ထိုးစစ်ဟာ ခွန်ဒုဇ် မြို့နဲ့ သိပ်မဝေးဘဲ အဲဒီမြို့ကို ရောက်ရှိသွားတဲ့ ဘီဘီစီ သတင်းထောက်က သေနတ်သံတွေနဲ့ အမြောက်သံတွေကို ကြားနေရတယ်လို့ ဆိုပါတယ်။
တာလီဘန်တွေဘက်မှာ IS အဖွဲ့က လေ့ကျင့် ပေးထားတဲ့ နိုင်ငံခြားသား ဂျီဟတ် တိုက်ခိုက်ရေး သမားတွေလည်း ပါဝင် တိုက်ခိုက် နေတယ်လို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။
အမျိုးသမီး ၂ ဦး အပါအဝင် နိုင်ငံခြားသား ဂျီဟတ် စစ်သွေးကြွ ၁၈ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိရတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး Mohammed Omer Safi က ဘီဘီစီကို ပြောပါတယ်။
















