မက်ဆီဒိုးနီးယားမှာ ဖြစ်နေတဲ့ တိုက်ခိုက်မှုတွေကို ထိန်းဖို့ နေးတိုးတိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, EPA
မက်ဆီဒိုနီးယား နိုင်ငံ မှာ လူ ၂၀ ကျော် သေဆုံး ခဲ့ရတဲ့ အကြမ်းဖက် တိုက် ခိုက်မှု တွေ ဖြစ်ပေါ် လာခဲ့တဲ့ အတွက် အခြေအနေ ကို တတ်နိုင်သလောက် ထိန်းချုပ် ကိုင်တွယ် ကြဖို့ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ ရဲ့ အကြီးအကဲ က တိုက်တွန်း လိုက်ပါတယ်။
မက်ဆီဒိုးနီးယား နိုင်ငံ မြောက်ပိုင်း ကိုဆိုဗို နဲ့ ဆားဘီးယား တို့နဲ့ နယ်စပ် အနီး Kumanovo မြို့ မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ မှာ ရဲ ၈ ဦးနဲ့ သေနတ်သမား ၁ ဒါဇင် ကျော် သေဆုံး ခဲ့ရပါတယ်။
ဒီ အဖြစ်အပျက် ကို မြင်သာ ပွင့်လင်းတဲ့ စုံစမ်း စစ်ဆေးမှု တစ်ရပ် ပြုလုပ် ဖို့ လည်း နေးတိုး အတွင်းရေးမှုးချုပ် ယန်းစ် စတော်တင်ဘတ်ဂ် က တောင်းဆို ခဲ့ပါတယ်။
အယ်လ်ဘေးနီးယန်း မျိုးနွယ်စု ဝင် လက်နက် ကိုင် တွေ ဟာ မက်ဆီဒိုးနီးယား နိုင်ငံ တဝှမ်းမှာ တိုက်ခိုက်မှု တွေ လုပ်ဆောင် ဖို့ ရည်ရွယ်ပြီး ကယူမေနိုးဗိုး မြို့ ကို ကိုဆိုဗို ကနေ ထိုး ဖောက် ဝင်ရောက် လာတာ ဖြစ်တယ် လို့ မက်ဆီဒိုးနီးယား နိုင်ငံ အာဏာပိုင် တွေ က ပြောနေပါတယ်။
ဒါပေမယ့် မက်ဆီဒိုနီးယား အတိုက်အခံ တွေ ကတော့ အစိုးရ အနေနဲ့ စွပ်စွဲ ခံနေရတဲ့ ဖုန်း ကြားဖြတ် နားထောင် မှု တွေ၊ ရွေးကောက်ပွဲ မသမာ မှု နဲ့ အကျင့်ပျက် ခြစားမှု ပြဿနာ တွေ က နေ အာရုံ လွှဲချင် တဲ့ အတွက် အခုလို အကြမ်းဖက် မှု မျိုး တွေ တမင် ဖန်တီး ပြလာတာ ဖြစ်တယ် ဆိုပြီး သံသယ ရှိနေကြပါတယ်။

















