ဒုက္ခသည် ရှာဖွေ ကယ်ဆယ်ရေး မလေး လုပ်ဆောင်မယ်

အင်ဒိုနီးရှား၊ အာချေး အရှေ့ပိုင်းမှာ ဒုက္ခသည်တွေကို စိစစ်ရေး ဆောင်ရွက်နေ။
ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှား၊ အာချေး အရှေ့ပိုင်းမှာ ဒုက္ခသည်တွေကို စိစစ်ရေး ဆောင်ရွက်နေ။
ရေးသားခဲ့သည်။

မလေးရှား နိုင်ငံ အနေနဲ့ ကပ္ပလီ ပင်လယ်ထဲမှာ ရှိနေသေးတဲ့ လှေစီး ဒုက္ခသည်တွေရဲ့ လှေတွေကို ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင် သွားမယ်လို့ ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ပြောလိုက်ပါတယ်။

လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီ တွေကိုလည်း မြေပြင်နဲ့ ပင်လယ်ပြင် ကနေ ပေးပို့ သွားမယ်လို့ သူက ဆိုပါတယ်။

ပင်လယ်ပြင်မှာ လှေစီး ဒုက္ခသည်ပေါင်း ၇ ထောင်လောက် ရှိနေဆဲလို့ ယုံကြည်ရပါတယ်။

အဲဒီ ဒုက္ခသည်တွေကို မလေးရှားနဲ့ အင်ဒိုနီးရှားက ယာယီ နေထိုင်ခွင့် ပေးမယ်လို့ ပြောထားပေမယ့် သူတို့ကို နိုင်ငံတကာ အကူအညီနဲ့ တစ်နှစ်အတွင်း ပြန်လည် နေရာချထားရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကလည်း သူ့ရေပိုင်နက်ထဲ ရောက်နေတဲ့ လှေတွေကို မောင်းထုတ်တာတွေ မလုပ်တော့ဘူးလို့ ပြောပါတယ်။

လောလောဆယ်မှာ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေဟာလည်း အဲဒီ ဒုက္ခသည်တွေ အရေး ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ရောက်ရှိ နေပါတယ်။

မြန်မာ နိုင်ငံ ကလည်း သူ့ရေပိုင်နက် ထဲမှာ တွေ့ရတဲ့ လှေစီး ဒုက္ခသည် တွေကို ကူညီရေး၊ မြန်မာ နိုင်ငံသား ဟုတ်မဟုတ် စိစစ်ရေးနဲ့ လူမှောင်ခို ဂိုဏ်းတွေကို နှိမ်နှင်းရေး စတာတွေကို ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ခေါင်းဆောင်ပြီး ကိုင်တွယ် သွားမယ်လို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒါ့အပြင် လာမယ့် ၂၉ ရက်နေ့ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် လှေစီး ဒုက္ခသည်တွေနဲ့ ပတ်သတ်တဲ့ အရေးပေါ် နိုင်ငံတကာ ဆွေးနွေးပွဲကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ စေလွှတ် သွားမယ် လို့လည်း ဆိုပါတယ်။