ကိုလံဘီယာ FARC သူပုန်တွေ အပစ်ရပ်ထားမှု ဆိုင်းငံ့

ဓာတ်ပုံ ရင်းမြစ်, AFP
ကိုလံဘီယာ နိုင်ငံ မှာ FARC လို့ ခေါ်တဲ့ သူပုန် အဖွဲ့ ရဲ့ စခန်း တစ်ခု ကို အစိုးရ တပ် က တိုက်ခိုက် ခဲ့တဲ့ အတွက် သူပုန် ၂၆ ယောက် သေဆုံး သွားခဲ့ရတဲ့ နောက် အခုဆို FARC အဖွဲ့ က သူတို့ တစ်ဘက်သပ် ရပ်နား ပေးထား တဲ့ အပစ်ရပ် မှု ကို ပြန်လည် ဆိုင်းငံ့ လိုက် ပြီ လို့ ပြော လိုက် ပါတယ်။
FARC အဖွဲ့ ရဲ့ ထုတ်ပြန် ချက် ထဲ မှာ အစိုးရ နဲ့ နှစ်ဘက် အပြန် အလှန် အပစ်ရပ် သဘောတူမှု အပြည့်အဝ ရရှိ လိုကြောင်း နဲ့ နှစ်ကာလ တာရှည် စွာ ကျူးဘား နိုင်ငံ ဟာဗားနား မှာ ပြုလုပ် နေခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ တွေ ကနေ လည်း ထွက်ခွာ ဖို့ မရည်ရွယ် ပါဘူး ဆိုပြီး ပါဝင် ပါတယ်။
ကိုလံဘီယာ သမ္မတ ဟွမ် မဲန်နွဲ ဆန်းတော့စ် ဟာ ငြိမ်းချမ်းရေး တည်ဆောက် နေချိန် နဲ့ တပြိုင်နက် ထဲ မှာပဲ စစ်ခင်း နေသူ ဖြစ်တယ် လို့လည်း FARC အဖွဲ့ က ဝေဖန် ထား ပါတယ်။
FARC အဖွဲ့ ရဲ့ လက်ချက် နဲ့ အစိုးရ စစ်သား ၁၀ ဦး သေဆုံး ခဲ့ရတဲ့ နောက် ပြီးခဲ့တဲ့ ဧပြီ လ က စလို့ အစိုးရ တပ် ဘက် က FARC ပျောက်ကြား သူပုန် တွေ အပေါ် ထိုးစစ် တွေ ပြန်လည် ဆင်နွှဲ လာပါတယ်။
ကိုလံဘီယာ မှာ ပြည်တွင်း စစ် ပဋိပက္ခ ဖြစ်ပေါ် နေတာ အနှစ် ၅၀ ကျော် ကြာမြင့် နေပြီ ဖြစ်ပါတယ်။

















