အမေရိကန်ထောက်လှမ်းရေး ဥပဒေတွေ သက်တမ်းတိုးမလား ဆွေးနွေးနေ

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
အမေရိကန် ပြည်ထောင်စု မှာ အမျိုးသား လုံခြုံရေး အေဂျင်စီ NSA ရဲ့ ထောက်လှမ်းရေး ကွန်ပျူတာ တွေ ကို စတင် ပိတ်ချ နေပြီ ဖြစ် ပါတယ်။
အမေရိကန် နိုင်ငံသား တွေ ရဲ့ တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှု အချက်အလက် တွေ ကို စုဆောင်း ဖို့ ဆက်လက် ခွင့် ပြုသင့် မသင့် ကို ဆီနိတ်တာ အမတ် တွေ ဆွေးနွေး နေ ချိန် မှာ အခုလို လုပ်ဆောင် တာ ဖြစ် ပါတယ်။
ထောက်လှမ်းရေး ဆိုင်ရာ ဥပေဒ တွေ ဟာ အမေရိကန် ရဲ့ သန်းခေါင်းယံ အချိန် မှာ သက်တမ်း ကုန်ဆုံး မှာ ဖြစ်ပြီး အဲဒီ့ အချိန် မတိုင်ခင် ဆီနိတ် အမတ် တွေ ဟာ လုပ်ခဲ လှတဲ့ တနင်္ဂနွေ အစည်းအဝေး ကျင်းပ ခဲ့ တာ ဖြစ် ပါတယ်။
ထောက်လှမ်းရေး အတွက် ခွင့်ပြုထား တဲ့ ဥပေဒ တွေ သက်တမ်း မကုန် မီ နာရီ တော်တော် များများ စော အချိန်ယူပြီး အခုလို ကွန်ပျူတာ တွေ ကို ပိတ်ချ ဖို့ ဆောင်ရွက် ရတာ ဖြစ်ပါတယ်။
တကယ်လို့ ထောက်လှမ်းရေး ဥပဒေ တွေ ရဲ့ သက်တမ်း ကို မတိုးမြှင့် နိုင်ဘူး ဆိုရင် အကြမ်းဖက် အန္တရာယ် တွေ ရဲ့ ခြိမ်းခြောက်မှု တွေ နောက် ခြေရာခံ လိုက်နိုင်စွမ်း နည်းပါး သွားလိမ့် မယ် ဆိုပြီး သမ္မတ အိုဘားမား ကရော စီအိုင်အေ အကြီးအကဲ ဂျွန် ဘရဲန်နန် ကရော သတိ ပေး ထားပါတယ်။

















