မဂ္ဂနာကာတာ စာတမ်း နှစ် ၈၀၀ ပြည့် ကျင်းပ

Runnymede မှာ ပြုလုပ်တဲ့ အခမ်းအနားကို ဘုရားကျောင်း၊ အစိုးရ၊ တော်ဝင်မိသားစု တို့ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်။
ဓာတ်ပုံ ပုံစာ, Runnymede မှာ ပြုလုပ်တဲ့ အခမ်းအနားကို ဘုရားကျောင်း၊ အစိုးရ၊ တော်ဝင်မိသားစု တို့ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်။
ရေးသားခဲ့သည်။

ခေတ်သစ် ဒီမိုကရေစီ စနစ်မှာ ရရှိ ခံစားနေကြတဲ့ လူ့အခွင့်အရေး တချို့ကို စတင် လမ်းခင်း ပေးခဲ့တဲ မဂ္ဂနာကာတာ စာတမ်း နှစ်ပေါင်း ၈၀၀ ပြည့် အထိမ်း အမှတ်ပွဲတွေကို ဗြိတိန်နိုင်ငံ တဝန်း စတင် ကျင်းပနေကြပါတယ်။

အဓိက အခမ်းအနားတွေကိုတော့ လွန်ခဲ့တဲ့ ၁၂၁၅ ခုနှစ်က ဂျွန် ဘုရင်က မဂ္ဂနာကာတာ စာတမ်းကို တရားဝင် အတည်ပြုခဲ့ရာ နေရာ ဖြစ်တဲ့ သိမ်းမြစ် အနီးက Runnymede မှာ ကျင်းပ ခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းက မဂ္ဂနာကာတာ စာတမ်းဟာ အုပ်ချုပ် ခံရသူတွေနဲ့ အုပ်စိုးသူတို့ အကြား အာဏာ ထိန်းညှိမှုကို တော်လှန် ပြောင်းလဲ စေခဲ့တဲ့ စာတမ်း တစ်ခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို ဗြိတိန် ဘုရင်မကြီးနဲ့ တော်ဝင် မိသားစုဝင်တွေလည်း တက်ရောက် ခဲ့ကြပါတယ်။

မဂ္ဂနာကာတာ စာတမ်းမှာ သက်ဦးဆံပိုင် ဘုရင် စနစ်က အစဉ်အလာ ရယူထားခဲ့တဲ့ အာဏာတွေကို ဥပဒေနဲ့ ကန့်သတ် လိုက်တဲ့ အချက်တွေ ပထမဆုံး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံသားတွေ အတွက် မျှတတဲ့ ကြားနာ စစ်ဆေးမှုတွေ ရရှိဖို့လည်း ဒီစာတမ်းက ဖော်ဆောင် ပေးခဲ့ပါတယ်။