တူနီးရှားအကြမ်းဖက်မှုထဲ ဗြိတိန်နိုင်ငံသား အများစု သေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်,
တူနီးရှား နိုင်ငံ ဆုစ် မြို့က အပန်းဖြေ ကမ်းခြေ ဟိုတယ် အတိုက်အခိုက် ခံခဲ့ရ လို့ သေဆုံးခဲ့ ကြရတဲ့ ၃၈ ဦး ထဲ မှာ ဗြိတိန် နိုင်ငံသား အနည်းဆုံး အယောက် ၃၀ ပါဝင် တယ် လို့ အတည်ပြု နိုင် ပါတယ်။
အဖိုး အဖွား ကနေ မြေး အထိ မျိုး ဆက် ၃ ခု လုံး သေဆုံးခဲ့ ကြရတဲ့ မိသားစု တစ်ခု လည်း အပါအဝင် ဖြစ်ပါတယ်။
အခု ဆိုရင် ဆုစ် မြို့ မှာ ကွင်းဆင်း ဆောင်ရွက် နေတဲ့ ဗြိတိန် ထောက်လှမ်းရေး စကော့တလန် ယာ့ဒ် ရဲ့ အင်အား ဟာ ၂၀၀၅ ခုနှစ် လန်ဒန် ဗုံးကွဲမှု တွေ နောက် ပိုင်း အင်အား အများဆုံး သုံး လုပ်ဆောင် နေတာ ဖြစ် ပြီး ရဲ အရာရှိ နဲ့ ဝန်ထမ်း ပေါင်း ၆၀၀ ကျော် ပါတယ်။
ကျူးလွန် ခဲ့တဲ့ သေနတ်သမားကို တူနီးရှား ရဲတပ်ဖွဲ့ က အသေဖမ်းဆီး ခဲ့ ရပြီး သူဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS နဲ့ အဆက်အသွယ် ရှိတဲ့ တက္ကသိုလ် ဘွဲ့ရ ဆီဖဒီးန် ရက်ဇ်ဂီ ဆိုသူ ဖြစ်တယ် လို့ ဖော်ထုတ် ထားနိုင်ပါတယ်။
အခုဆိုရင် ရဲ က အဲဒီသူ ရဲ့ မိသားစု နဲ့ မိတ်ဆွေ တွေ ကို စစ်ဆေး မေးမြန်း နေပါတယ်။

















