အိုင်ဝေဝေကို တရုတ်က နိုင်ငံကူးလက်မှတ် ပြန်ပေး

ဓာတ်ပုံ ရင်းမြစ်, AFP
ရေးသားခဲ့သည်။
တရုတ် အစိုးရနဲ့ သဘောထား ကွဲလွဲလေ့ ရှိတဲ့ တရုတ် အနုပညာရှင် အိုင်ဝေဝေဟာ သူ့ရဲ့ နိုင်ငံကူး လက်မှတ်ကို ပြန်ရ သွားခဲ့ပါပြီ။
တရုတ် အစိုးရက သူ့ရဲ့ နိုင်ငံကူး လက်မှတ်ကို ၄ နှစ် ကြာအောင် သိမ်းယူ ထားခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ အိုင်ဟာ ၂၀၁၁ ခုနှစ်မှာ တရုတ် အစိုးက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အတိုက်အခံ တွေကို နှိမ်နှင်း ခဲ့စဉ်တုန်းက ၃ လ ထိန်းသိမ်း ခံခဲ့ရဖူးပြီး သူ့ရဲ့ အနုပညာ လုပ်ငန်းဟာလည်း ဝင်ငွေခွန် အမြောက်အများ ကောက်ခံတာကို ခံခဲ့ရပါတယ်။
ပြည်ပ ပွဲတွေမှာ သူ့ရဲ့ အနုပညာ လက်ရာတွေ ပြသ ခံရလေ့ ရှိတဲ့ မစ္စတာ အိုင်ဟာ ပထမဆုံး အနေနဲ့ သားဖြစ်သူကို တွေ့ရဖို့နဲ့ ဆေးစစ်ဖို့အတွက် ဂျာမနီ နိုင်ငံကို အရင်ဆုံး သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

















