အိုဘားမား ရဲ့ ကင်ညာ ခရီးစဉ်

အမေရိကန် သမ္မတ အိုဘာမား ကင်ညာ ကို သွားရောက်ခဲ့ပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန်သမ္မတအိုဘားမားက ကင်ညာနဲ့ ဆက်ဆံရေး ပိုတိုးမြှင့်မယ့်အကြောင်း ပြောသွားပြီး ကင်ညာ သမ္မတ အူဟူရူ ကင်ညာတာရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အပေါ် ကိုလည်း အသိအမှတ်ပြုလိုက်ပါတယ်။
ဒါပေမယ့် လူထုထောက်ခံမှုရအောင် ထင်သာမြင်သာတဲ့ တရားစွဲဆိုမှုတွေလုပ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကင်ညာနိုင်ငံရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး မှာလည်း အမေရိကန်က ကူညီဖို့ကတိပြုလိုက်ပါတယ်။
အိုင်အက်စ် အစ္စလမ်မစ်စစ်သွေးကြွတွေရဲ့အန္တရယ်ကြီးနေချိန်မျိုးမှာ ခုလိုပြောကြားချက်ဟာ အဆန်းမဟုတ်တာတော့သေချာပါတယ်။
ကင်ညာနိုင်ငံအနာဂါတ်အတွက်အခြေခံကျတဲ့ လူငယ်တွေအပေါ်ရင်းနှီးမြှုပ်နှံဖို့အမေရိကန်က ပူးတွဲ ဆောင်ရွက်မယ်၊ ကင်ညာရှိ လူငယ်တွေသာမက အာဖရိကတိုက်က လူငယ်တွေအတွက် လည်း ရင်းနှီးမြှုပ်နှံမယ်၊
အခုလက်ရှိကမ္ဘာကြီးဟာ တော်လှန်ပြောင်းလဲနေပြီး လူငယ်တွေကဦးဆောင်ရမယ်လို့ မစ္စတာ အိုဘားမလား က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။

















