ဆီးရီးယား စစ်လေယာဉ် မြို့ထဲ ပျက်ကျ

ဓာတ်ပုံ ရင်းမြစ်, AP
ရေးသားခဲ့သည်။
ဆီးရီးယား နိုင်ငံမှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ အရီဟာ မြို့က လူစည်ကားရာ စျေးထဲကို အစိုးရ စစ်လေယာဉ် တစ်စီး ပျက်ကျ သွားခဲ့ပါတယ်။
အဲဒီ အစိုးရ တိုက်လေယာဉ်ဟာ အဲဒီ မြို့ကို အစောပိုင်းက ဗုံးတွေ ကျဲချ နေခဲ့တာ ဖြစ်ပါတယ်။
လေယာဉ် ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၂၅ ယောက် သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာ ရခဲ့ပါတယ်။
လေယာဉ် ပျက်ကျချိန်မှာ စျေးအတွင်း ရောင်းဝယ်သူတွေနဲ့ စည်ကား ပြည့်နှက်နေပြီး၊ အခုတော့ ရစရာ မရှိအောင် ပျက်စီး သွားပြီလို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။
အဆောက်အဦး အများအပြား ပြိုကျ ပျက်စီးကုန်ပြီး အပျက်အစီးတွေ အောက်မှာ လူအတော်များများ ပိမိကုန်တယ်လို့ သူတို့က ဆိုပါတယ်။
ဆီးရီးယား မြောက်ပိုင်းမှာ ရှိတဲ့ အဲဒီ မြို့ကို သူပုန်တွေက ပြီးခဲ့တဲ့ မေလမှာ သိမ်းယူ ခဲ့တာ ဖြစ်ပါတယ်။

















