လစ်ဗျားအရေး အဖြေရှာဖို့ အီတလီ တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Reuters
လစ်ဗျား နိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ် ပဋိပက္ခ ပြဿနာ ကို နိုင်ငံတကာ အနေနဲ့ ပူးပေါင်း အဖြေရှာ ဖို့ ပျက်ကွက်မယ် ဆိုရင် အဲဒီ့က သူတွေ ဟာ အသက်နဲ့ ရင်းပြီး မြေထဲပင်လယ် ကို ကျော်ဖြတ် ထွက်ပြေး နေကြရတဲ့ အဖြစ်ဆိုးမျိုး တွေ ပိုမို ရှိလာ နေဦး မှာ ဖြစ်တယ် လို့ အီတလီ အာဏာပိုင် တွေ က ပြောလိုက် ပါတယ်။
ပြောင်းရွှေ့သူတွေ ကို ပြွတ်သိပ် နေအောင် တင်ထားပြီး လစ်ဗျား ကမ်း ကနေ ထွက်ခွာ လာတဲ့ ငါးဖမ်းလှေ ကို အီတလီ ရေတပ် ကနေ ကယ်ဆယ် ခဲ့ရာ မှာ လှေဝမ်းဗိုက်ပိုင်း မှာ အနည်းဆုံး လူ ၄၀ လောက် သေဆုံး နေတာ ကို တွေ့ခဲ့ ရပါတယ်။
စက်ဆီတွေ၊ ရေတွေ နဲ့ စိုစွတ် နေတဲ့ လှေဝမ်းဗိုက် ထဲ မှာ လူသေလောင်း တွေ ဟာ လူ့ အညစ်အကြေး မစင် တွေ အလူးလူး အလိမ်းလိမ်း ဖြစ်နေတာ ကို တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
အဲဒီ့နောက် လစ်ဗျား အရေး ကို နိုင်ငံတကာ အသိုင်းအဝိုင်း က ပူးပေါင်း အဖြေရှာ ကြဖို့ အီတလီ ပြည်ထဲရေး ဝန်ကြီး အိန်ဂျယ်လီနို အယ်လ်ဖာနို က ဆော်ဩ လိုက်တာပါ။
လှေပေါ် က ကျန် အယောက် ၃၂၀ ကိုတော့ ကယ်တင် လိုက် နိုင်ပါတယ်။
ဥရောပ ကို ရောက်ရှိဖို့ ပယ်လယ်ကို ဖြတ်ရင်းသား သေဆုံး ခဲ့ကြရတဲ့ အရေအတွက် ဟာ ဒီနှစ် ထဲ မှာတင် အယောက် ၂ ထောင် ကျော် နေပြီ ဖြစ်ပါတယ်။

















