ဂရိ အာဏာရပါတီက ဆန့်ကျင်သူတွေ ပါတီသစ်ဖွဲ့

ဂရိ စွမ်းအင် ဝန်ကြီးဟောင်း Panagiotis Lafazanis က ပါတီသစ်ကို ဦးဆောင်မယ်။
ဓာတ်ပုံ ပုံစာ, ဂရိ စွမ်းအင် ဝန်ကြီးဟောင်း Panagiotis Lafazanis က ပါတီသစ်ကို ဦးဆောင်မယ်။
ရေးသားခဲ့သည်။

ဂရိ နိုင်ငံမှာ အာဏာရ ဆရီဇာ ပါတီ အတွင်းက ခြားနား ဆန့်ကျင်သူ အချို့ဟာ ခွဲထွက်ပြီး ပါတီသစ် ထောင်သွားမယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆရီဇာ ပါတီ ခေါင်းဆောင်လည်းဖြစ်၊ ဂရိ ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ အလက်ဆီ ဆီးပရပ်စ် Alexis Tsipras ကြသပတေးနေ့က နုတ်ထွက် ခဲ့တဲ့အတွက် ရွေးကောက်ပွဲ တစ်ခု ပြုလုပ်ဖို့ ဖြစ်လာ စေခဲ့ပါတယ်။

ဂရိ ဝန်ကြီးချုပ် နုတ်ထွက် ခဲ့ရတဲ့ အကြောင်းကတော့ ဂရိ ကြွေးမြီ ပြဿနာ ဖြေရှင်းဖို့ ဥရောပ မြီရှင်တွေရဲ့ ချေးငွေ အစီအစဉ်အပေါ် သူ့ပါတီရဲ့ အမတ် အများစုက ကန့်ကွက် ခဲ့တာကြောင့် ဖြစ်ပါတယ်။

ဆရီဇာ ပါတီဝင် လွှတ်တော်အမတ် ၂၅ ယောက်ဟာ အသစ်ထူထောင်မယ့် ပါတီကို ပူးပေါင်းမှာ ဖြစ်တယ်လို့ ဂရိ သတင်းဌာနက ပြောပါတယ်။

ဥရောပ ချေးငွေ အစီအစဉ်ကို အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ စွမ်းအင် ဝန်ကြီးဟောင်း Panagiotis Lafazanis က အဲဒီ ပါတီသစ်ကို ဦးဆောင်မှာ ဖြစ်ပါတယ်။

ဂရိ အဓိက အတိုက်အခံ ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲ ကျင်းပရတာကို ရှောင်ရှားနိုင်ဖို့ ညွန့်ပေါင်း အစိုးရတစ်ခု ဖွဲ့စည်းနိုင်ရေး ကြိုးစား သွားမယ်လို့ ဆိုပါတယ်။