၂၀၂၀ တိုကျို အိုလံပစ် လိုဂိုတံဆိပ်ကို ပယ်ဖျက်

ရေးသားခဲ့သည်။
၂၀၂၀ တိုကျို အိုလံပစ်ပွဲရဲ့ လိုဂို တံဆိပ်ကို ပွဲစီစဉ်သူတွေက ပယ်ဖျက် လိုက်ရတဲ့အတွက် အိုလံပစ် ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ နောက်ထပ် နှောင့်နှေးမှုနဲ့ ကြုံတွေ့ သွားရပါတယ်။
လိုဂို အမှတ်တံဆိပ်ကို ဆွဲခဲ့သူ ဒီဇိုင်နာ ကင်ဂျီရို ဆာနိုဟာ ဘယ်လ်ဂျီယံက ဂရပ်ဖစ် ဒီဇိုင်နာ တစ်ယောက်ရဲ့ ဒီဇိုင်းနဲ့ ဆင်တူရိုးမှား ဖြစ်အောင် တုပတယ် ဆိုတဲ့ စွဲချက်နဲ့ ရင်ဆိုင် ခဲ့ရတာ ဖြစ်ပါတယ်။
အိုလံပစ်ပွဲရဲ့ ပုံရိပ်ကို ထိခိုက် စေနိုင်တာကြောင့် အဲဒီ အမှတ်တံဆိပ်ကို ခုလို ပယ်ဖျက် လိုက်ရတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း အိုလံပစ်ပွဲအတွက် အသစ် တည်ဆောက်ဖို့ စီစဉ်ထားတဲ့ အားကစားကွင်းကြီး တစ်ခုကို ကုန်ကျစရိတ် အလွန့်အလွန် မြင့်မားတဲ့ အတွက် ပယ်ဖျက် ခဲ့ရတယ်လို့ ဝန်ကြီးချုပ် ရှင်ဇို အဘေးက ပြောခဲ့ပါတယ်။

















