ဟာ့ဂျ်ဘုရားဖူး သေဆုံးသူအရေအတွက် ကွဲလွဲချက်ရှိ

ဘုရားဖူးတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး အီရန်မြို့တော် တီဟီရန်မှာရှိတဲ့ ဆော်ဒီ သံရုံးရှေ့မှာ ဆန္ဒပြကြ။
ဓာတ်ပုံ ပုံစာ, ဘုရားဖူးတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး အီရန်မြို့တော် တီဟီရန်မှာရှိတဲ့ ဆော်ဒီ သံရုံးရှေ့မှာ ဆန္ဒပြကြ။
ရေးသားခဲ့သည်။

ဆော်ဒီ နိုင်ငံ၊ မက္ကာမြို့အနီးမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူအုပ်ပိလို့ သေဆုံးခဲ့ရတဲ့ ဟာ့ဂျ် ဘုရားဖူး အရေအတွက်ဟာ ၁ ထောင်ကျော် ဖြစ်တယ်လို့ နိုင်ငံအချို့က အရာရှိတွေက ပြောပါတယ်။

ဆော်ဒီ အာဏာပိုင်တွေရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ သေဆုံးသူ အရေအတွက်က ၇၆၉ ယောက်သာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် နိုင်ဂျီးရီးယား အရာရှိတစ်ယောက်က ဘီဘီစီကို ပြောရာမှာတော့ ဂျဒါးမြို့က ရင်ခွဲရုံတွေဆီကို လူသေ အလောင်း ၁ ထောင်ကျော် သယ်ဆောင် ခဲ့ကြတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

လူ ၁ ထောင်ကျော် သေဆုံးခဲ့တယ် ဆိုတာကို အိန္ဒိယ၊ ပါကစ္စတန်နဲ့ အင်ဒိုနီးရှား အရာရှိတွေကလည်း ပြောခဲ့ကြပါတယ်။

ဆော်ဒီ အစိုးရကတော့ အခုလို သေဆုံးသူ အရေအတွက် ကွဲလွဲချက်နဲ့ ပတ်သက်ပြီး တစုံတရာ ရှင်းလင်းတာ မရှိသေးပါဘူး။

ဒီအမှု ဖြစ်ပွားပြီး နောက်ပိုင်း ဆော်ဒီ အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံတွေကို နိုင်ငံ အများအပြားက ဝေဖန် ပြောဆို နေခဲ့ကြပါတယ်။