Oregon ပြည်နယ် ကောလိပ် ပစ်ခတ်မှု လူ၁၀ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
ရေးသားခဲ့သည်။
အမေရိကန်နိုင်ငံ Oregon ပြည်နယ်က ကောလိပ်ကျောင်းဝန်း တခုမှာ သေနတ်သမား တဦးရဲ့ ပစ်ခတ်မှုအတွင်း လူ၁၀ဦး သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။
ရဲနဲ့ အပြန်အလှန် ပစ်ခတ်စဉ် အသက်၂၀အရွယ် သေနတ်သမား လည်း သေဆုံးသွားပါတယ်။
ပစ်ခတ်မှုအတွင်း လူ၇ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ကျောင်းသားတွေကို ဘာဘာသာ ကိုးကွယ်သလဲ ဆိုတာ မေးပြီးမှ သေနတ်သမားက ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေ ကျောင်းသူတဦးက ပြန်ပြောပြပါတယ်။
အဲဒီ သေနတ်သမားဟာ သူလုပ်လိုတာတွေကို ဗုဒ္ဓဟူးနေ့တုန်းက ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတယ်လို့ သတင်းတချို့က ဆိုပါတယ်။
ဒီပစ်ခတ်မှု ဖြစ်ပွားအပြီးမှာပဲ သမ္မတ အိုဘားမားက သေနတ် ထိန်းချုပ်ရေး ဥပဒေ ပြင်ဆင်ရေးအတွက် အမေရိကန် ပြည်သူတွေ ဆောင်ရွက်ကြဖို့ လှိုက်လှိုက်လှဲလှဲ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

















