ဂျေရုဆလင်မှာ လုံခြုံရေးအစီအစဉ် အစ္စရေး စတင်

Jabal Mukaber အရပ်က ဝင်ပေါက်တွေမှာ အစ္စရေး လုံခြုံရေးတွေ စောင့်ကြည့် စစ်ဆေးနေ။
ဓာတ်ပုံ ပုံစာ, Jabal Mukaber အရပ်က ဝင်ပေါက်တွေမှာ အစ္စရေး လုံခြုံရေးတွေ စောင့်ကြည့် စစ်ဆေးနေ။
ရေးသားခဲ့သည်။

အစ္စရေး နိုင်ငံမှာ အခုရက်ပိုင်း အတွင်း ပါလက်စတိုင်း တွေရဲ့ တိုက်ခိုက်မှုတွေ တိုးမြင့် လာတဲ့အတွက် ဂျေရုဆလင်မြို့ အရှေ့ပိုင်းက အာရပ်တွေ နေထိုင်ရာ ဒေသမှာ အစ္စရေး တပ်ဖွဲ့တွေက လုံခြုံရေး အစီအစဉ် တစ်ခုကို စတင် လိုက်ပါတယ်။

အစ္စရေး ၃ ဦး သေဆုံး ခဲ့ရတဲ့ အင်္ဂါနေ့ တိုက်ခိုက်မှု ဖြစ်ပွားရာ Jabal Mukaber အရပ်မှာ ဝင်ပေါက် ထွက်ပေါက်တွေကို အစ္စရေး ရဲတွေက ပိတ်ဆို့ ထားလိုက်ပါတယ်။

အစ္စရေး စစ်တပ်ကလည်း ရာနဲ့ချီတဲ့ တပ်သားတွေကို လုံခြုံရေး အစီအစဉ်မှာ သုံးဖို့ နေရာချထား လိုက်ပါတယ်။

အင်္ဂါနေ့ညက ပြုလုပ်တဲ့ အစ္စရေး လုံခြံရေးဆိုင်ရာ အစိုးရအဖွဲ့ အစည်းအဝေးမှာ ရဲတပ်ဖွဲ့ဝင်တွေ အရပ်ဒေသတွေကို ဝိုင်းရံ ပိတ်ဆို့နိုင်တဲ့ အခွင့်အာဏာကို ပေးခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးတွေကို တိုက်ခိုက်တဲ့ ပါလက်စတိုင်း တွေရဲ့ နေအိမ်တွေကို ဖြိုချ ဖျက်ဆီးပစ်ပြီး သူတို့ မိသားစုဝင်တွေ ဂျေရုဆလင်မှာ နေထိုင်ခွင့်ကိုလည်း ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။