ပြင်သစ် ဘတ်စ်ကား မတော်တဆမှု ၄၂ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဘတ်စ်ကား တစ်စီးနဲ့ ထရပ်ကား တစ်စီးတို့ ခေါင်းချင်းဆိုင် တိုက်မိကြတဲ့ အတွက် ဘတ်စ်ကားပေါ်က အငြိမ်းစား သက်ကြီးရွယ်အိုတွေ အများစု အပါအဝင် အနည်းဆုံး ၄၂ ယောက် သေဆုံး သွားပါတယ်။
ပြင်သစ် အနောက်တောင်ပိုင်း ဂျီဟွန်း ဒေသ၊ လီဘွန်းမြို့ အနီးက အန္တရာယ်ရှိတဲ့ လမ်းအကွေ့မှာ အငြိမ်းစားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားနဲ့ သစ်တွေ တင်လာတဲ့ ထရပ်ကားတို့ မျက်နှာချင်းဆိုင် တိုက်မိ ခဲ့ကြပြီး ကားနှစ်စီး စလုံး မီးစွဲ လောင်ခဲ့တာပါ။
ဘတ်စ်ကား ပေါ်က လူ ၄၁ ယောက်နဲ့ ထရပ်ကား ဒရိုင်ဘာတို့ သေဆုံး ခဲ့ပါတယ်။
ဘတ်စ်ကား ဒရိုင်ဘာ အပါအဝင် လူ ၈ ဦးကတော့ အသက်ရှင် လွတ်မြောက် ခဲ့ပြီး အဲဒီ အထဲက ၄ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ ပြင်သစ် နိုင်ငံမှာ ၁၉၈၂ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံး လမ်းပေါ် မတော်တဆမှု ဖြစ်ပါတယ်။
ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က သူ့အဆို ဒီအဖြစ်ဆိုးကြီး အတွက် စုံစမ်း စစ်ဆေးမှုတွေ အပြည့်အစုံ လုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။
















