ကမ္ဘာ့ခေါင်းဆောင်တွေကို ကုလနဲ့ ICRC အကြီးအကဲတွေ ဝေဖန်

ကမ္ဘာကြီး ပေါ်မှာ လူသား မဆန် တဲ့ ဖြစ်ရပ်တွေ အရှက် အကြောက်မရှိ ဖြစ်ပေါ် နေတာ ကို နိုင်ငံတကာ ခေါင်းဆောင် တွေ ကိုင်တွယ်ဖို့ ပျက်ကွက် နေတယ် ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် နဲ့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC အကြီးကဲ တို့က မကြုံစဖူး ပူးတွဲ ကြေညာချက်ထုတ်ကာ ရှုတ်ချ လိုက် ပါတယ်။
လက်ရှိ လူတွေ ခံစား နေရတာတွေ နဲ့ မတည် မငြိမ်မှု တွေ ဟာ သမိုင်းမှာကို ရှားရှားပါးပါး အနေနဲ့ တွေ့ကြုံ ဖြစ်ပေါ် နေတာ ဖြစ်တယ် လို့ အဲဒီ့ ထုတ်ပြန်ချက် ထဲမှာ ပါဝင် ပါတယ်။
သာမန် အရပ်သား ပြည်သူတွေ ရဲ့ ဒုက္ခတွေကို သက်သာရာ ရစေဖို့ ခိုင်မာတဲ့ လုပ်ဆောင်ချက် တွေ ချက်ခြင်း လုပ်ဆောင် ကြပါ ဆိုပြီး တော့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်း နဲ့ ICRC အကြီးအကဲ ပီတာ မောင်ရာ တို့က တောင်းဆို ထားပါတယ်။
အထူးသဖြင့် လက်နက်ကိုင် အုပ်စုတွေ ရဲ့ ပဋိပက္ခတွေ ကို ထိန်းချုပ် ဖို့နဲ့ သူတို့က ကျူးလွန်တဲ့ ပြစ်မှုတွေ မှာ တာဝန် ခံခိုင်းဖို့ ကိစ္စရပ်တွေ အပြင် လူနေ ထူထပ်ရာ ဒေသတွေ မှာ လက်နက်ကြီး တွေ အသုံးပြုမှု ရပ်တန့်ဖို့ စတာတွေ လုပ်ဆောင် ရမယ်လို့ ဆိုပါတယ်။
















