တရုတ် အွန်လိုင်း စျေးဝယ်ကုမ္ပဏီ အရောင်းစံချိန်တင်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်မှာ ကျရောက်တဲ့ လူပျိုအပျိုများနေ့မှာ တရုတ် အွန်လိုင်း စျေးဝယ် ကုမ္ပဏီကြီး ဖြစ်တဲ့ အလီဘာဘာက သူ့ရဲ့ အရောင်းအား စံချိန်ဟောင်းကို ချိုးလိုက်ပါတယ်။
မနှစ်က ဒီနေ့မှာပဲ အလီဘာဘာက စံချိန်တင်ထားတဲ့ ဒေါ်လာ ၈.၉၆ ဘီလျံဖိုး အရောင်းအား စံချိန်ကို ဒီကနေ့မှာတော့ ပထမ ၁၂ နာရီအတွင်း ချိုးလိုက်တာ ဖြစ်ပါတယ်။
လူပျိုအပျိုများနေ့ အွန်လိုင်း အထူးစျေးရောင်း ကာလကို အလီဘာဘာက မနေ့က ၁၀ရက်နေ့ည သန်းခေါင်ယံက စတင် ခဲ့တာ ဖြစ်ပြီး၊ စစချင်း ၈ မိနစ် အတွင်းမှာ ၁ ဘီလျံ ဒေါ်လာကျော်ဖိုး ရောင်းခဲ့ရတယ်လို့ အလီဘာဘာက ပြောပါတယ်။
အွန်လိုင်း စျေးရောင်းကာလ စတင်ပြီး ၁၄ နာရီ အကြာမှာတော့ စုစုပေါင်း အရောင်းအားက ဒေါ်လာ ၁၀ ဘီလျံ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
နှိုင်းယှဉ်ချက် အနေနဲ့ အမေရိကန်က အရောင်းရဆုံး အွန်လိုင်း စျေးရောင်းကာလ ဖြစ်တဲ့ Cyber Monday နေ့တုန်းက အမြင့်ဆုံး ရောင်းအားက ၁.၃၅ ဘီလျံ ဒေါ်လာဖိုးသာ ရှိခဲ့ပါတယ်။

















