နယူးယောက်မှာ ဝန်ချီစက်ကြီး ပြိုကျ၊ ၁ ဦးသေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရေးသားခဲ့သည်။
အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန် တောင်ပိုင်းမှာ ကြီးမားတဲ့ ဝန်ချီစက်ကြီး ပြိုကျ ခဲ့တဲ့ အတွက် လူ တစ်ဦး သေဆုံးပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။
ဒီမတော်တဆမှုကို ကိုင်တွယ်နေတဲ့ နယူးယောက် မီးသတ် တပ်ဖွဲ့က အသေအပျောက် စာရင်းနဲ့ ပတ်သက်ပြီး အတည်ပြု ပြောဆို ပါတယ်။
ဆောက်လုပ်ရေးသုံး ဝန်ချီစက်ကြီးဟာ ထရိုင်ဘက်ကာ အရပ်က ဘရော့ဒ်ဝေး လမ်းမပေါ်ကို ဒေသအချိန် သောကြာနေ့ မနက် အစောပိုင်းက ပြိုကျခဲ့တာပါ။
ပြုတ်ကျတဲ့ ဝန်ချီစက်ကြီးနဲ့ လမ်းတစ်လမ်းလုံး ပြည့်သွားပြီး ရပ်ထားတဲ့ ကား အများအပြားလည်း ပျက်စီး ကုန်ပါတယ်။
ဒဏ်ရာရတဲ့ အရေအတွက်က ၁၅ ဦးအထိ ရှိလိမ့်မယ်လို့ အရာရှိ တစ်ဦးက နယူးယောက် တိုင်း သတင်းစာကို ပြောပါတယ်။
ဓာတ်ပုံတွေ အရ ဝန်ချီစက်ရဲ့ အောက်ခြေကနေ လဲကျခဲ့တာ ဖြစ်ပြီး လဲကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

















