ကိုယ်ဝန်ဆောင်တွေ လက်တင် အမေရိက မသွားဖို့ ဆို

zika
ဓာတ်ပုံ ပုံစာ, ဗိုင်းရပ်ကြောင့် မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်စေ
ရေးသားခဲ့သည်။

ဇီကာ ဗိုင်းရပ် ရောဂါ ကူးစက် ပြန့်ပွားနေတဲ့ လက်တင် အမေရိက ဒေသကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ခရီးမသွား ကြဖို့ W.H.O ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတိပေး လိုက်ပါတယ်။

ဒီဗိုင်းရပ်ပိုးကြောင့် မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်စေတဲ့ သက်သေ အထောက်အထား တွေလည်း ပိုမို တွေ့ရှိ နေရပါတယ်။

ခြင်ကိုက်ရာက ကူးစက် ပြန့်ပွားတဲ့ ဇီကာ ဗိုင်းရပ်ကြောင့် ကလေးငယ် တွေမှာ ဦးခေါင်းခွံ ကျုံ့ဝင်ပြီး ဦးနှောက် မဖွံ့ဖြိုးမှု တွေ ဖြစ်ပေါ်လာတာကိုလည်း အများအပြား တွေ့နေရပါတယ်။

ဘရာဇီး နိုင်ငံက အိုလံပစ် အားကစား ပြိုင်ပွဲကြီးကို လက်ခံ ကျင်းပဖို့ ၅ လ အလိုမှာ ဒီ အကြံပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဇီကာ ဗိုင်းရပ်ကို ကာမ ဆက်ဆံ ရာက ကူးစက်မှုက ထင်ထားတာထက် ပိုများပြားကြောင်း နိုင်ငံစုံက လာတဲ့ အစီရင်ခံစာ တွေ အရ သိရှိရတယ် လို့လည်း WHO ညွန်ကြားရေးမှူးချုပ် Margaret Chan က ပြောကြား ပါတယ်။

ရောဂါ ကူးစက် ပြန့်နှံ့တဲ့ နယ်မြေ ဒေသက ပိုပြီး ကျယ်ပြောလာပါတယ်။ ကူးစက်နိုင်တဲ့ လူအမျိုးအစားလည်း ပို စုံလာပါတယ်။ ဒီထဲမှာ လိင်ဆက်ဆံ ရာက ကူးတာက ခြင်ကိုက်တာ လိုပဲ ပါဝင်နေတယ်လို့ Margaret Chan က ပြော ပါတယ်။