ပဲရစ်ကို တိုက်ခိုက်ခဲ့တဲ့ အဓိကလက်သည်လို့ ယူဆရသူကို ဖမ်းမိပြီ

ဓာတ်ပုံ ရင်းမြစ်, Getty
ပြီးခဲ့တဲ့ နှစ် ပဲရစ် မြို့တော် တိုက်ခိုက်မှု ရဲ့ အဓိက လက်သည် အဖြစ် ယူဆ ထားတဲ့ Salah Abdeslam ကို ၄ လ အကြာ မှာ အရှင် ဖမ်းဆီး ရမိခဲ့ ပါတယ်။
ဘရပ်ဆဲလ် မြို့တော် ၊ မိုလဲန်ဘိတ်ခ် ဆိုတဲ့ အရပ် မှာ ပြုလုပ် ခဲ့တဲ့ ဘလ်ဂျီယမ် ရဲ တွေ ရဲ့ ဝင်ရောက် စီးနင်း ခဲ့မှု တစ်ခု အတွင်း ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
စီးနင်းကြတုန်း ပစ်ခတ် မှု တွေ ပေါ်ပေါက် ခဲ့ပြီး Salah Abdeslam ဒဏ်ရာ ရသွားပါတယ်။
သူနဲ့ အတူ ကြံရာပါ တွေ လို့ သံသယ ရှိရတဲ့ နောက်ထပ် နှစ်ဦး ကိုလည်း ဖမ်းဆီး ရမိပါတယ်။
အကြမ်းဖက် နှိမ်နှင်းရေး မှာ အင်မတန် အရေးကြီးတဲ့ အောင်မြင်မှု ရခဲ့ နိုင်တာ ဖြစ်တယ် လို့ ဘယ်လ်ဂျီယမ် ဝန်ကြီးချုက် ရှားလ် မီရှဲလ် က ပြောပါတယ်။
ပြင်သစ် သမ္မ ဖရော်န်ဆွာ အိုလော်န့် ကလည်း ဆီးရီးယား နဲ့ ဆက်စပ် နေတဲ့ အကြမ်းဖက် သမားတွေ ရဲ့ ကွန်ရက် ဟာ ဥရောပ တလွှား ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ် လို့ သတိ ပေးပြီး၊ နောက်ထပ် ဖမ်းဆီးမှု တွေ ပြုလုပ် လာနိုင်တယ် လို့လည်း ဆိုပါတယ်။

















