တရုတ် မှငွေကြေး ဟောင်ကောင်မှ တဆင့်မြုပ်နှံ

bbc_304x171_bbc
ဓာတ်ပုံ ပုံစာ, အခွန်ရှောင်မြုပ်နှံမှု မှာ တရုတ်ပါဝင်
ရေးသားခဲ့သည်။

ပနားမားနိုင်ငံ အခြေစိုက် Mossack Fonseca ဥပဒေ ကုမ္ပဏီ မှ ပေါက်ကြား လာတဲ့ နောက်ဆက်တွဲ အခွန်ရှောင် နိုင်ငံ တွေ ရဲ့ စရင်းထဲမှာ သုံးပုံ တပုံ အထိ ပါဝင် နေတာ ကတော့ တရုတ်နိုင်ငံ က သူဌေးသူကြွယ် တွေ နဲ့ ထိပ်တန်း အစိုးရ အရာရှိ တွေ လို့ ပေါက်ကြား စရင်းထဲမှာ ဖေါ်ပြ ထားပါတယ်။ ဒါကြောင့်မို့ ဒီ ဥပဒေ ကုမ္ပဏီ လည်ပတ်နေတဲ့ ငွေကြေး အရင်းအမြစ်ဟာ တရုတ်နိုင်ငံ က ဖြစ်နေ ပါတယ်။ တရုတ်ပြည် အခြေစိုက် ရုံးတွေ က တဆင့် ကုမ္ပဏီ ဘက်ကနေ ကောက်ခံ ရရှိငွေ တွေ ဟာ တရုတ် ပိုင် ကုမ္ပဏီ ပေါင်း ၁၆၀၀၀ အကြုံးဝင်နေတာ ဖြစ်ပါတယ်။

မနှစ် က ဆိုရင် ဟောင်ကောင် က တဆင့် တရုတ်ပြည်မကြီး ကနေ တရားမဝင် ထွက်လာတဲ့ ငွေပမာဏ ဟာ အမေရိကန် တစ် ထရစ်လီယံ ရှိပါတယ်။ ဒီငွေတွေ ဟာ လက်ရှိ နဲ့ ရာထူး က အနားယူခဲ့ကြတဲ့ တရုတ် အစိုးရ ထိပ်တန်း အရာရှိကြီးရဲ့ ဆွေမျိုးတွေ ကတဆင့် ကမ်းလွန်ရေနံ လုပ်ငန်း တွေမှာ မြုပ်နှံ ထားတဲ့ အကြောင်း၊ ဒီ အရာရှိကြီးတွေ ထဲမှာ လက်ရှိသမ္မတ ဂျီရှင်ပင်း နာမည် ပါ ပေါက်ကြား စရင်း ထဲမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ကို သတင်းထောက် က မေးမြန်းရာမှာ ဒီလို အခြေအမြစ် မရှိ စွပ်စွဲချက်တွေ အပေါ် မှာ ဘာကောက်ချက် မှ မပြုနိုင်ဘူး လို့ ပြောပါတယ်။

Mossack Fonseca ဥပဒေ ကုမ္ပဏီ မှ အစုစပ် ပိုင်ရှင် Ramon Fonseca ကလည်း ဒီကိစ္စ ကို ပနားမား ရှေ့နေချုပ်ရုံး ကို အသိပေး ထား တဲ့ အကြောင်း၊ ဒါဟာ အတွင်းလူ တွေ ထဲက ပေါက်ကြားတာ မဟုတ်ပါပဲ အပြင်ဘက် က နေ ကွန်ပြူတာ ထဲ က သတင်းအချက်အလက် တွေ ကို တရားမဝင် ခိုးဝင် ကြည့်တဲ့ ဟက်ကာ တွေ က တဆင့် ပေါက်ကြား လို့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေ က လည်း အကူအညီပေးနေပါပြီ လို့ ဘီဘီစီ ကို ပြောပါတယ်။