ပင်လယ်ရပ်ခြား ငွေစုစာရင်းကနေ အကျိုးအမြတ် ရခဲ့ကြောင်း ဗြိတိသျှ ဝန်ကြီးချုပ် ပြော

_cameron_
ဓာတ်ပုံ ပုံစာ, ပင်လယ်ရပ်ခြား ငွေစု ရှယ်ယာ ရောင်းလို့ သူနဲ့ ဇနီးသည်တို့ ငွေကြေးတွေ ရရှိခဲ့တယ် လို့ မစ္စတာ ကင်မရွန် ပြော။
ရေးသားခဲ့သည်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ရဲ့ ကွယ်လွန်သူ ဖခင် ဟာ ပင်လယ်ရပ်ခြားမှာ ငွေကြေးတွေ သိမ်းဆည်း ခဲ့တယ် ဆိုတာ ကို ပနားမား စာရွက်စာတမ်း ပေါက်ကြားမှု ကနေ ထွက်ပေါ် လာခဲ့ တဲ့ နောက် အခုဆိုရင် ဝန်ကြီးချုပ် ကင်မရွန် က သူ့ အနေနဲ့ အဲဒီ့ ငွေကြေးတွေ ကနေ အကျိုးကျေးဇူး ရှိခဲ့တယ် ဆိုတဲ့ အချက် အပေါ်မှာ အသိအမှတ်ပြု ပြောဆို လိုက်ပါတယ်။

ဒေါ်လာ လေးသောင်း နှစ်ထောင် ကျော် တန်ဖိုး ရှိတဲ့ အဲဒီ့ ငွေစု ရှယ်ယာ တွေ ကို သူ ဝန်ကြီးချုပ် ဖြစ်မလာခင် ၂၀၁၀ တုန်းက ရောင်းချ ခဲ့တယ် လို့ မစ္စတာ ကင်မရွန် က ထုတ်ဖော် ပြောဆို ခဲ့ ပါတယ်။

ဒါပေမယ့် အဲဒီ့ ငွေစု စာရင်း ကို အခွန် ရှောင်ဖို့ ထူထောင် ထားတယ် လို့ မပြော နိုင်ကြောင်း နဲ့ ရှယ်ယာ ပိုင်ရှင် တစ်ယောက် အနေနဲ့ အကျိုး အမြတ် ရရှိ တာတွေ ရဲ့ အပေါ် ခြားသူ့ အနေနဲ့ ဝင်ငွေ ခွန် ပေးဆောင် ခဲ့တယ် လို့လည်း မစ္စတာ ကင်မရွန် က ဝေဖန် မှု တွေ အပေါ် ခုခံ ကာကွယ် ပြောဆို ခဲ့ ပါတယ်။

ဒီ အချိန် မှာပဲ၊ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် ကတော့၊ ပေါက်ကြား လာတယ် ဆိုတဲ့ ပနားမား စာရွက်စာတမ်း တွေ ထဲ ဘယ်လို အကျင့်ပျက် ခြစားတာမျိုး ကိုမှ မတွေ့ရဘူး ဆိုပြီး ပြောလိုက်ပါတယ်။

ပနားမား ရှေ့နေရုံး မော့ဆက် ဖွန်ဆက်ကာ ကနေ ပေါက်ကြား လာတဲ့ စာရွက် စာတမ်း တွေ ထဲမှာ သမ္မတ ပူတင် နဲ့ နီးစပ်သူတွေ ဟာ ပင်လယ်ရပ်ခြား မှာ ကုမ္ပဏီတွေ ထားရှိ ပိုင်ဆိုင်နေတာ ကို ဖော်ပြ နေပေမယ့် မစ္စတာ ပူတင် က အခုလို ပထမဆုံး အကြိမ် တုံ့ပြန် ပြောကြား လာတာ ဖြစ်ပါ တယ်။

အဲဒီ့ ပနာမား စာရွက်စာတမ်းတွေ ပေါက်ကြားမှု ကြောင့် အိုက်စ်လန် နိုင်ငံရဲ့ ဝန်ကြီးချုပ် ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ တာဝန် ကနေ နှုတ်ထွက် သွားရပြီး အခုအခါ မှာတော့ ဝန်ကြီးချုပ် အသစ် တစ်ယောက် ကျမ်း သစ္စာ ကျိန်ဆို လိုက်ပြီ ဖြစ်ပါတယ်။

စိုက်ပျိုးရေး ဝန်ကြီးဟောင်း ဆီဂူဒါ အင်ဂီ ယိုဟန်ဆန် ၊ အိုက်စ်လန် ရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာတာပါ။