မာကယ်နဲ့ ဥရောပခေါင်းဆောင်တွေ တူရကီရောက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယားနဲ့ တူရကီ နိုင်ငံထဲက ဒုက္ခသည်စခန်းတွေကို ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်နဲ့အတူ ဥရောပနိုင်ငံ ခေါင်းဆောင်အချို့ သွားရောက် လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
တူရကီ နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို သွားရောက် ကြည့်ရှုတာ ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကယ်က ပြောပါတယ်။
ဥရောပ ခေါင်းဆောင် တွေအနေနဲ့ တူရကီနိုင်ငံနဲ့ ဥရောပ သမဂ္ဂတို့ အကြား သဘောတူညီ ထားတဲ့ ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး စီမံချက် ကိုလည်း အကောင်အထည် ဖော်ဖို့ ဆွေးနွေး ကြမယ်လို့ ပြောပါတယ်။
သဘောတူညီချက် အရ တူရကီနိုင်ငံ အနေနဲ့ ရွေ့ပြောင်း ဒုက္ခသည်တွေကို ပြန်လည်လက်ခံရမှာ ဖြစ်ပြီး ဥရောပက တူရကီနိုင်ငံကို ထောက်ပံ့ငွေနဲ့ ဥရောပအတွင်း ဗီဇာမဲ့ သွားလာခွင့်တွေ ကို ပြန်ပေးမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဆိုပါ တူရကီ နဲ့ သဘောတူညီ ချက်ဟာ ဥပဒေနဲ့ ညီညွတ်ခြင်း မရှိကြောင်း ဥရောပ နိုင်ငံတွေ အတွင်းမှာ ပြောကြားနေပါတယ်။

















