ဘရာဇီးလ်သမ္မတ အိုလံပစ်မီးရှူးတိုင်ထွန်းညှိ

ဓာတ်ပုံ ရင်းမြစ်, Getty
ရေးသားခဲ့သည်။
ဘရာဇီးလ်သမ္မတ Dilma Rouseff ကအိုလံပစ်မီးတိုင်ကတဆင့် လက်ဆင့်ကမ်း သယ်ဆောင်မယ့် မီးရှူးတိုင်မှာ မီးထွန်းညှိလိုက်ပါတယ်။
ဘရာဇီးလ်နိုင်ငံမှာ သြဂုတ်လအတွင်း ကျင်းပတော့မယ့် အိုလံပစ်ပွဲတော်ဖွင့်ပွဲအမီ အိုလံပစ်မီးရှူးတိုင်ကို တိုင်းပြည်အတွင်း မြို့ပေါင်း ၃၀၀ကျော်ကို ခရီးဆန့်ဖို့အတွက် ဂျနီဗာကတဆင့် အိုလံပစ်မီးတိုင် ဘရာဇီးကို ဆိုက်ရောက်လာပါတယ်။ လာမယ့် သြဂုတ်လကျရင် Rio de Janeiro မြို့မှာ အိုလံပစ်ပွဲ ကျင်းပမှာဖြစ်ပြီး လူပေါင်း ၁၂၀၀၀နဲ့ တနိုင်ငံလုံးမီးတိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်မှာဖြစ်ပါတယ်။
လက်ရှိဘရာဇီးမှာ နိုင်ငံရေး ပြဿနာ တွေဖြစ်နေပေမယ့် အိုလံပစ်ပွဲတော် အောင်မြင်အောင်ကျင်းပရေးအတွက် သမ္မတက ကတိပေးလိုက်ပါတယ်။
လာမယ့် အပတ်မှာ သမ္မတကို စုံစမ်း အရေးယူဖို့ ဘရာဇီးလ်လွှတ်တော်က ဆုံးဖြတ်ရင် သမ္မတကို တာဝန်က ဆိုင်းငံ့ခံထားရနိုင်ပါတယ်။

















