တရုတ်မှာ မမှန် သတင်းဖြန့်သူတွေကို သတင်းပို့

china internet
ဓာတ်ပုံ ပုံစာ, တရုတ် အင်တာနက် သုံးစွဲသူ သန်းချီ
ရေးသားခဲ့သည်။

တရုတ်နိုင်ငံမှာ အင်တာနက် ပေါ်က ကောလာဟလ ဖြန့်သူတွေကို သတင်းပို့ဖို့ လှုံ့ဆော်တဲ့ နိုင်ငံအနှံ့ လှုပ်ရှားမှု စတင်နေပါတယ်။

သတင်းမှားတွေ ဖြန့်ချိနေတဲ့ အင်တာနက် ဝက်ဆိုက်လင့်တွေကို အစိုးရဆီ သတင်းပို့ တင်ပြဖို့ ပြည်သူတွေကို တရုတ် အစိုးရက ပန်ကြား ထားပါတယ်။

ဒါဟာ တရုတ် အစိုးရ က ပြည်သူတွေရဲ့ ပြောဆိုမှုတွေကို အင်တာနက်မှာ ထိန်းချုပ် နိုင်အောင် ကြိုးပမ်းမှု တစိတ်တပိုင်း ဖြစ်နိုင်ပါတယ်။

ကောလာဟလတွေကို ဖြန့်တဲ့ သူတွေကို တရုတ် အစိုးရက ပုံမှန် အပြစ်ပေးလေ့ ရှိပြီး ဘယ်လို စကားတော့ ပြောလို့ရတယ်၊ ဘာတော့ မရဘူး ဆိုတာက ပြတ်ပြတ်သားသား မရှိလှပါဘူး။

ခွင့်ပြုချက် မရဘဲ ပြောတဲ့ မှတ်ချက် စကားတွေနဲ့ သတင်းအချက်တွေကြောင့် အထိတ်တလန့် ဖြစ်လာရင် ကောလာဟလ ဆိုပြီး အရေးယူတာကို မကြာခဏ တွေ့ရပါတယ်။