အိန္ဒိယ မြစ်တွေကနေ ရေလွှဲယူမယ်လို့ဆို

india river
ဓာတ်ပုံ ပုံစာ, လူ သန်း ၃၃ဝ လောက် ရေရှားပါးမှုနဲ့ ရင်ဆိုင်နေ
ရေးသားခဲ့သည်။

ဆိုးဆိုးရွားရွား ရေခမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့ နေရာတွေကို ရေပေးနိုင်ဖို့ မြစ်တွေကနေ ရေလွှဲယူမယ့် စီမံကိန်းတခုကို ဆက်လုပ်သွားဖို့ ရှိကြောင်း အိန္ဒိယ အစိုးရက ပြောကြား လိုက်ပါတယ်။

ဂင်္ဂါနဲ့ ဗြဟ္မပုတြ လို မြစ်ကြီးတွေကနေ ရေသွယ်ယူမယ့် စီမံကိန်းဟာ အိန္ဒိယ အစိုးရရဲ့ ထိပ်တန်း ဦးစားပေး အစီအစဉ် တခု ဖြစ်တယ်လို့ အိန္ဒိယ ရေရင်းမြစ် ဆိုင်ရာ ဝန်ကြီး အူမာ ဘရာတီက ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယမှာ လူ သန်း ၃၃ဝ လောက် ရေရှားပါးမှုနဲ့ လတ်တလော ရင်ဆိုင်နေရပါတယ်။

ဒီလို မြစ်တွေကို သွယ်ယှက် ဖောက်လုပ်မှုတွေ လုပ်မယ် ဆိုရင် ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု ဆိုးကျိုးတွေနဲ့ ကြုံတွေ့နိုင်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တွေက ထောက်ပြ နေကြပါတယ်။