မန်နီ ပက်ကီယို အထက်လွှတ်တော် တက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Getty
ရေးသားခဲ့သည်။
ဖိလစ်ပိုင် လက်ဝှေ့ ချန်ပီယံနဲ့ အမျိုးသား သူရဲကောင်း မန်နီ ပက်ကီယို အထက်လွှတ်တော် အမတ် အဖြစ် အရွေးချယ် ခံရပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲကနေ အထက် လွှတ်တော် အမတ်သစ် ၁၂ ယောက်ကို တင်မြှောက်ရာမှာ ပက်ကီယိုလည်း ပါလာပါတယ်။
သူက မဲ ၁၆ သန်းနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပက်ကီယို ခုလို အရွေးချယ် ခံရတာဟာ သမ္မတ ရာထူးမှာ အရွေးခံရဖို့ လမ်းစ ပေါ်လာတာပဲလို့ ယူဆသူတွေ ရှိပါတယ်။
ကမ္ဘာ့ လက်ဝှေ့လောကမှာ အထင်ရှားဆုံး တယောက် ဖြစ်တဲ့ ပက်ကီယိုက ကမ္ဘာ့ ချန်ပီယံ ဆု တချို့ကို ဆွတ်ခူးထားပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင် အောက် လွှတ်တော်မှာလည်း သူက အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

















