ဒီနှစ် လူသုံး အများဆုံး စကားလုံး

ဓာတ်ပုံ ရင်းမြစ်, AP
ရေးသားခဲ့သည်။
ဒုက္ခသည် ဆိုတဲ့ စကားလုံးကို ဒီနှစ်အတွက် အသုံးအများဆုံး စကားလုံးအဖြစ် အောက်စဖို့ တက္ကသိုလ် ပုံနှိပ်ထုတ်ဝေရေး အဖွဲ့က ရွေးချယ် လိုက်ပါတယ်။
ဗြိတိန် နိုင်ငံက လူငယ် စာရေးဆရာတွေ အသုံးများ တာကြောင့် အခုလို ရွေးခဲ့တာပါ။
ဒီနှစ် ဘီဘီစီရဲ့ ကလေးဝတ္ထုတို ပြိုင်ပွဲကို တင်လာတဲ့ ထောင်နဲ့ ချီတဲ့ ၀တ္ထုတိုတွေ ထဲမှာလည်း ဒုက္ခသည် ဆိုတဲ့ စကားလုံးကို မကြာခဏ သုံးကြတယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲဝင် ဝတ္ထုတိုတွေထဲမှာ ဆီရီးယားစစ်ပွဲ၊ မြေထဲပင်လယ်ကို ဖြတ်လာရတဲ့ ခရီးစဉ်တွေ၊ ဒုက္ခသည် စခန်းတွေထဲက ဘဝ နဲ့ အထီးကျန် ခရီးသည်များ စတဲ့ အကြောင်းအရာတွေကို ရေးသားထားကြတာ ဖြစ်ပါတယ်။

















