မြောက်ကိုရီးယား ကွန်ပျူတာ ထိုးဖောက်သလား စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, AFP
ရေးသားခဲ့သည်။
အရှေ့တောင်အာရှ ဘဏ်သုံးခုရဲ့ ကွန်ပျူတာ စနစ်တွေ အထဲကို ထိုးဖောက် ခိုးဝင်ခဲ့တဲ့ အထဲမှာ မြောက်ကိုရီးယား ပတ်သက်မှု ရှိမရှိ ကမ္ဘာ့ အကြီးဆုံး ဆိုင်ဘာ လုံခြုံရေး ကုမ္ပဏီကြီး Symantec က စုံစမ်းနေပါတယ်။
ဘဏ်တစ်ခု ကဆို ဒေါ်လာ သန်း ၈၀ ကျော် ခိုးယူခံ လိုက်ရပါတယ်။
အမှု သုံးခုစလုံးမှာ ရှားပါးတဲ့ ကွန်ပျူတာ မဲလ်ဝဲယား တစ်မျိုးထဲ သုံးသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
သုံးသွားတဲ့ ကွန်ပျူတာ ကုဒ်ကလည်း ပြီးခဲ့တဲ့ နှစ်နှစ်က ဆိုနီရုပ်ရှင် ကုမ္ပဏီကို ထိုးဖောက် ဝင်ရောက် ခဲ့တုန်းက သုံးသွားတဲ့ ကုဒ်နဲ့ ဆင်တူတယ်လို့ Symantec က ပြောပါတယ်။
အဲဒီတုန်းက မြောက်ကိုရီးယား အကြောင်းရိုက်ထားတဲ့ ဆိုနီရဲ့ ရုပ်ရှင်ကို မကျေနပ်လို့ မြောက်ကိုရီးယားက လုပ်ခဲ့တာလို့ အမေရိကန်က စွပ်စွဲထားပါတယ်။

















