ဗြိတိန် ဘုရင်မ မွေးနေ့ ဆက်လက် ကျင်းပ

ဓာတ်ပုံ ရင်းမြစ်, AP
ရေးသားခဲ့သည်။
ဗြိတိန် ဘုရင်မကြီး ရဲ့ သက်တော် ၉၀ ပြည့် မွေးနေ့ ပွဲ အခမ်းအနား ကို ဒုတိယ မြောက်နေ့ အဖြစ် ဒီကနေ့မှာ ဆက်လက် ကျင်းပ ခဲ့ပါတယ်။
ဘာကမ်ဟန် နန်းတော် က စစ်သားပေါင်း တစ်သောင်း ခြောက်ထောင်ကျော် ပါဝင်တဲ့ ဗိုလ်ရှုခံ အခမ်းအနား ကိုလည်း ဘုရင်မကြီး တက်ရောက် ခဲ့ပါတယ်။
ဗြိတိန် စစ်တပ်က လေယာဉ်တွေကလည်း ဘာကမ်ဟန် နန်းတော် ပေါ်က ဖြတ်ကျော် ပျံသန်း ကာ ယူနီယံ ဂျက် အလံ ရဲ့ အရောင်တွေ ဖြစ်တဲ့ ဖြူပြာနီ သုံးရောင်ချယ် မီးခိုးတွေ မှုတ်ထုတ်ပြီး ဘုရင်မကြီး ကို ဂုဏ်ပြု ခဲ့ကြပါတယ်။
လန်ဒန် မြို့က သိမ်းမြစ် ထဲမှာလည်း သင်္ဘောတွေ စုပေါင်း ချီတက်ပြီး ဘုရင်မကြီး ရဲ့ မွေးနေ့ပွဲ ကို ခမ်းခမ်းနားနား ကျင်းပ ဂုဏ်ပြု ခဲ့ပါတယ်။

















