ယူရိုပွဲရက်တွေမှာ အရက်ပိတ်ပင်ဖို့ ပြင်သစ်ဝန်ကြီး တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Getty
ယူရို ၂၀၁၆ ဘောလုံးပွဲ လက်ခံ ကျင်းပနေတဲ့ ပြင်သစ် မြို့တွေမှာ ပွဲ အကြိုရက်တွေနဲ့၊ ပွဲကစားတဲ့ ရက်တွေ ဆိုရင် လိုအပ်တဲ့ နေရာ တွေမှာ အရက်ကို တားမြစ် ပိတ်ပင်ဖို့ ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဘယ်နား ခက်ဇ်နော်ဗ်က တိုက်တွန်း လိုက်ပါတယ်။
မာဆေးမြို့မှာ အရက်ကြောင့် ပိုပြီး သွေးဆူ နေကြတဲ့ ဘောလုံး ပရိသတ်တွေကြား ၃ ရက်ကြာ ရန်လို တိုက်ခိုက်မှု တွေ ဖြစ်ပေါ် ခဲ့တဲ့နောက် ဝန်ကြီး ခက်ဇ်နော်ဗ်က အခုလို ပြောလာတာ ဖြစ်ပါတယ်။
ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ကလည်း ကိုယ့်ပရိသတ်ကို ကိုယ်မထိန်း နိုင်ပဲ နောက်ထပ် အကြမ်းဖက် ဖြစ်ရပ်တွေ ပေါ်ပေါက် လာမယ် ဆိုရင် ပြိုင်ပွဲကနေ ထုတ်ပစ်တဲ့ အထိ အရေးယူ ခံရမယ် လို့ အင်္ဂလန်နဲ့ ရုရှား အသင်းတွေ ကို သတိပေး ပါတယ်။
မာဆေးမှာ ဖြစ်ခဲ့တဲ့ အင်္ဂလန်နဲ့ ရုရှား ပရိသတ်တွေကြား တိုက်ခိုက်မှု တွေဟာ အင်မတန် စက်ဆုပ် ဖွယ်ရာ ကောင်းတယ်လို့ UEFA က ပြောဆို ထားပါတယ်။
















