ဖွဲ့စည်းပုံ ပြင်ရေး လက်မှတ်ကောက် အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု သဘောထား လက်မှတ် ကောက်ယူမှု တွေကို NLD နဲ့ ၈၈မျိုးဆက် တို့ ပူးပေါင်းပြီး မေလ ၂၇ ရက်က စတင် နေပါတယ်။
အနုပညာသည် တွေနဲ့ စာရေးဆရာတွေ ၊ သာမန် ပြည်သူ တွေရဲ့ လက်မှတ်ထိုး ဝိုင်းဝန်းမှုက အားရစရာ ကောင်းတယ်လို့ မိတ္ထီလာ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
ရုံးဝန်ထမ်း တွေ က NLD ရုံးကို မလာရဲရင် သူတို့ အိမ်တွေမှာ လက်မှတ် ထိုးချင်လို့ သွားကောက် ပေးရ တာတွေလဲ ရှိပါတယ်။
စစ်သား တွေနဲ့ တပ်မိသားစုဝင် တွေ များတဲ့ နယ်မြေ တွေမှာ လက်မှတ် မထိုးဖို့ အမိန့် ထုတ်တာတွေ ရှိတယ်လို့ သိရကြောင်း ဦးဝင်းထိန်က ပြောပါတယ်။
ဒီလို ချုပ်ချယ်မှု တွေကြားက တပ်ဘက်က လက်မှတ် အရေအတွက် ၆- ၇ ရာခိုင်နှုန်း လောက် ရတယ်လို့လဲ ဆိုပါတယ်။
အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု တွေကို ဆန့်ကျင် ဆန္ဒပြမှုတွေလဲ ကြိုကြား ဖြစ်ပွား နေပါတယ်။

















