ဆရက်ဘရစ်နစ်ဆာ သတ်ဖြတ်မှုအတွက် မဲခွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ဘော့စနီးယား က ဆရက်ဘရစ်နစ်ဆာ မြို့မှာ အစုလိုက် သတ်ဖြတ် ခံရတာ အနှစ် ၂ဝ ပြည့် အမှတ်တရ ကုလ သမဂ္ဂမှာ အဆိုပြုချက် တခု မဲခွဲ ဆုံးဖြတ်ဖို့ အစီအစဉ်မှာ ရုရှက ကန့်ကွက်လို့ ဒီအဆို မအောင်မမြင် ဖြစ်သွားရပါတယ်။
ဗြိတိန်က ကမကထ ပြု တင်တဲ့ ဒီမူကြမ်းမှာ လူမျိုးတုံး သတ်ဖြတ်မှု ဆိုတဲ့ စကား ပါလို့ ရုရှ က ပယ်ချ ခဲ့တာ ဖြစ်ပါတယ်။
တရုတ်၊ နိုင်ဂျီးရီးယား၊ အန်ဂိုလာနဲ့ ဗင်နီဇွဲလား နိုင်ငံတွေက ဒီအဆို မဲခွဲမှုမှာ မဲမပေးဘဲ လက်ရှောင်နေခဲ့ကြပြီး ကျန် ၁ဝ နိုင်ငံက ထောက်ခံခဲ့ကြ ပါတယ်။
ရုရှ က ဒီအဆို တင်ရင် ဗီတို အာဏာ သုံး ပယ်ချမယ် လို့ ခြိမ်းခြောက် ခဲ့လို့ အင်္ဂါနေ့ ကတည်းက ဒီအဆို မတင်နိုင်ဘဲ နှောင့်နှေး ခဲ့ရတာပါ။
ဒီစကားဟာ ဘော့စနီးယားမှာ ပြန်လည် ပေါင်းစည်း ညီညွတ်ရေး အတွက် ထိခိုက် စေနိုင်တယ် လို့ သူတို့က ပြောပါတယ်။
ဒီအတွက် ဆားဘီးယား သမ္မတ က သူ့နိုင်ငံ အတွက် နေ့ကြီး တနေ့လို့ ပြောဆိုကြောင်း သိရပါတယ်။
ဆရက်ဘရစ်နစ်ဆာ မြို့မှာ မွတ်ဆလင် အမျိုးသား ၈ ထောင် ဘော့စနီးယား ဆာ့ဘ်တွေရဲ့ သတ်ဖြတ်တာ ခံခဲ့ရပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှု ဆိုတဲ့ စကား မပါတဲ့ မူကြမ်း တခုကိုလည်း ရုရှ က ကုလ သမဂ္ဂမှာ ဝေငှ ခဲ့တယ် လို့ သိရပါတယ်။




















