အိုင်ဝေဝေကို ၆ လ အပြည့် ဗီဇာ ပေးပြီ

ဓာတ်ပုံ ရင်းမြစ်, BBC World Service
တရုတ် နိုင်ငံ က အစိုးရ အတိုက်အခံ တစ်ဦး ဖြစ်တဲ့ အနုပညာသည် အိုင်ဝေဝေ ကို အစောပိုင်း တုန်းက စီးပွားရေး ဗီဇာ ကာလ အပြည့် ပေး ဖို့ ငြင်းဆန် ခဲ့ မှု အပေါ် ဗြိတိန် အစိုးရ က တောင်းပန် လိုက် ပြီး ၆ လ အပြည့် ပြည်ဝင်ခွင့် ဗီဇာ ထုတ် ပေး လိုက် ပြီ ဖြစ် ပါတယ်။
ဗြိတိန် ရဲ့ ပြည်ထဲ ရေး ဝန်ကြီး သရီဇာမေရဲ့ အမိန့် နဲ့ အခုလို ထုတ်ပေး ခဲ့တာ ဖြစ်ပြီး မစ္စတာ အိုင် အနေနဲ့ အဆင်မပြေ မှု တွေ ဖြစ်ခဲ့မယ် ဆိုရင် ဝမ်းနည်း ပါကြောင်း လည်း ပြောပါတယ်။
မစ္စတာ အိုင် က ပြည်ဝင်ခွင့် လျှောက် ခဲ့စဉ် မှာ ရာဇဝတ်မှု နဲ့ အပြစ်ယူ ခံခဲ့ရဖူး တာ ကို ထည့်သွင်း မရေးသား ခဲ့လို့ ဆိုတဲ့ အကြောင်း ပြချက် နဲ့ ဗြိတိန် အစိုးရ က ဗီဇာ ကို ၆ လ အပြည့် မပေးပဲ သီတင်း ၃ ပတ်သာ ခွင့်ပြု ခဲ့တာ ဖြစ်ပါတယ်။
အိုင်ဝေဝေ ဟာ ၂၀၁၁ ခုနှစ် တုန်းက တရုတ် အစိုးရ ရဲ့ ထိန်းသိမ်း တာ ကို ခံ ခဲ့ရဖူး ပေမယ့် ရာဇဝတ်မှု ပုဒ်မ တပ်ပြီး တရားစွဲဆို ခံခဲ့ ရတာမျိုး၊ အမိန့် ချမှတ် ခံခဲ့ ရတာ မျိုး မရှိ ပါဘူး။

















